Myanmar Village Rituals, Offerings and Family Traditions

ရွာပွဲနှင့် မျိုးဆက်အလေ့များ

်ေပဝရံ ဧသာန်ရပ်တွင်မှ ကံစပ်ကာ ဂဟေဆော်ကြ သူငယ်ဖော် အရွယ်ကောင်းတွေပေါ့ ဆယ်ချောင်းစီ ဆလံမြှောက် ပေါင်းရှစ်ယောက် ကောက်စိုက်သူ။
အေးချိုချို တေးအဆို လိုက်ကာပ ကြေးပိုက်ဆံ ငွေကျပ်ပြား မှတ်သားကာ မယူငင်ဘဲ ဘုရားဝင် ဝတ်တော်တက် ဆော်နှက်ကာ ကြေးစည်တီးရန်ဖို) မကြီးလာ မမယ်တိုးတိုက သယ်ပိုးကာ ဖော်အပေါင်းငယ်နှင့် အကြောင်းခံ အခြေပြုပေကြ ကောင်းမှုဖို လှူ။
ဘုရားရတနာနှင့် အများတကာ စားစရာဖိုသာပ တချိုတစ်ဝက်ခူးလို လက်ဦးပင် တင်ဝေမျှခဲ့ ပြည့်ဝ သီကရီနှင့် ဗီရဏီဘုံမှာ ဖြစ်ပါသတဲ့ ကသစ်ပင် သာသည်းအောက်မှာလ) ရှစ်ယောက်ပြိုင် ဆွေလုံမိငယ်တို ဘုံဗိမာန် ပြာသာဒ်ကြီးတွေနှင့် နတ်သမီးတွေ ဖြစ်စေကြောင်းရယ်လို တကောင်းကိုင် ကြေးစည်နှက်ကာပ လောင်းရေစက် အရေးယူ
သွေးတူတဲ့ စိတ်ကူး။

(သုဒဿနာ နတ်ရွာရောက်လျှင်ဖြင့်
ဗလချာနောက်အောင် စိတ်ပျော်ပိုက်ကြလိမ့်
ကောက်စိုက်သလိုကိုယ်တို မကုန်းကြရစေဘု) ဟိုထုံးစံ ဝတိံအလေ့
သိမ်မွေ့စွာ မာဏဝီတို
အာသာဝတီဆိုတဲ့ ပန်းတွေနှင့် ကိုယ်လျှမ်းအောင် ထိန်ထိန်ညီး စိန်ဘီးတင် စိန်ဆံပတ် နားကပ်ခွေ စိန်ရတနာနှင့်
ရွှေနံ့သာ ချေကာ လိမ်းကာပA0
ဇာအထည် ကြာချည်စိမ်းငယ်နှင့် ကမ္ဗလာ အထည်ပေါ်မှာ တာရှည်ပျော်လို ငြိမ်းကြပါလိမ့် မိန်းမ ရှစ်ဦး။


ကျုပ်တိုအညာမှာ မင်္ဂလာတစ်မျိုးသာပ အဟုတ်ဗျို ဓမ္မတာအစဉ်အလာ မညှိးခဲ့ပေဘု အရိုးသမကျရှေးလိုပ အဘွားကလဲ ကျီတစ်ဆောင် (ကိုမင်းရာရယ်) အမျိုးကလဲ မသေးပေဘု အဘိုးအဖနှင့်တကွ မေးကြပါတော့ တစ်မျိုး ငါ့မြေးဖိုရယ်လို (အိုကွယ်) အဘိုးက ပေးလိုက်ပါတဲ့ နွားညီနောင်။
ဩော် အမိအဖ တိုကလဲ ပြည့်ပြည့်ဝဝ တွေမို ရှိသမျှ ကုန်ချင်ကုန်ရော့လို မယုံရင် ကြုံလျှင်မေးပါတော့
( အလုံတစ်ခွင်မှာ ဂုဏ်အင်ကလဲ မသေးပါဘု မုံရွေးကြေးမုံ ချောင်းဦးနယ် တစ်လွှားဆီက အလုံကျေးအကုန်မှာ ပြောင်းဖူးသည်တွေက များလိုက်ပါဘိသနှင့်
ဆွေသားရင်းချာ ဉာတကာ မိတ်တိုကိုလ အဖေသွားရင်းသာ လာစရာ ဖိတ်ခဲ့တာနှင့်
ညအိပ်ညနေ အစုံလာကြတော့ ခြုံစရာ အကွက်ဖျင်စောင် နှစ်ခုငဲ့ပြင် ဂုံပဝါပါ တဘက်နှင့် ခြင်ထောင်ကလဲ တစ်ခုစီပေါ့
လုပ်မှုကိုင်ဖွယ် တောလယ်ယာတစ်ခင်းငဲ့ပြင် ပြောင်းခင်းတစ်စလယ်ဝင်နှင့် လယ်တစ်ရှင်စပါးနှစ်ဆယ်ကွက်ကိုလ
(ကိုမင်းရာရယ်) ရှေးအဆက်ဆက် အကြွေးတက်တက်ပြီး
အဝေးမထွက်ရအောင်လိုတဲ့ကွယ် ပေး လက်ဖွဲနှောင်။
လမ်းချိုးအရှေ့က
စမ်းရိုးအကွေ့ ခယောင်းယာမှာ (ဟောသည်က) အထုပ်တွေ ဖြေဖြေပြီး အကုန်သာ ကြဲလေရော့ဟဲ့လို
ခရမ်းမျိုးစေ့ကောင်းစွာ
( ငရုတ် ဂျုံ ကုလားပဲသာပ
နှမ်းမျိုးသွေ့သွေ့ ပြောင်းဝါ ငပြုပ် ဖရုံပါ ဖရဲငဲ့ပြင် ထမ်းပိုး၍ ရောင်းစရာ အထုပ် မုန်လာ ခဝဲတွေနှင့် အလုပ်စုံစရာ ကပဲရယ်လို များလက်ဆောင်
(အို ကိုမင်းရာရဲ့) သားအတွက်ဆိုတော့ တစ်အားတက်အောင်ရယ်လို (ကျုပ်တို) အမေအိုကလဲ ဓားမရှည် ဓားမတိုတွေနှင့် အခြေကိုနှင်း (ကိုမင်းရာရယ်) မယားဘက်က မောင်တွေကလဲ ပလွေတိုနှစ်စင်း။ )
မျိုးဆက်ကာခြုံ အိုးခွက် ပန္းကန္ အစုံနှင့်
ပြည်တစ်ခွင် သထုံ ရောက်ရာကပဲ လွမ်းမိပါရဲ့ မြေအင်တုံ သောက်စရာ ဇွန်းငဲ့ပြင် ကွမ်းအစ်ပါ လွယ်အိတ်တစ်လုံးငယ်နှင့်
( ပဲခူးဘူတာမှာလေ
ငနဲ သူခိုး လူညာတွေ မှုန်းလိုက်ပါတဲ့
ပျောက်သဟာ ထန်းခေါက်ဖာကလဲ တစ်လုံးပါဘဲ )
စုရုံးလိုက်လျှင် တစ်အိမ်ထောင်ပ လူ့ထုံးစရိုက်တွင်တစ်သိန်ပြောင်လောက်ကဲ့ မင်္ဂလာဆောင်မှာ ခန်းဝင်ကလဲ မနည်းပါဘု
မွဲဖိုရာ ကံကြမ္မာနှင့်
ဖန်လာပုံ ကုသိုလ်ကလဲ မကောင်းချင်တော့
( အထက် ဟို အညာမှာလေ ကြက်ဆိုတာတောင် မလောင်းခဲ့ပါဘု
အညာမြေ ဌာနေဟောင်းဆီက
အကြွေးတစ်ရာကို ဒွေးခါကလဲတောင်းပြန်ပေါ့တဲ့ (အမယ်မင်း) မောင်းစရာရယ်လိုများ တပ်လိုက်မှဖြင့် ခေါင်းတခါခါနှင့် ဆတ်လှစွာသော
လှလှစွေ့စွေ့ရယ်နှင့်ဝဝပြည့်ပြည့်နွားပြာ တစ်ရှဉ်းကိုလ ကျောင်းတကာကိုသာ အပ်လိုက်ပေရော့
ရသရွေ့ ဘာဘာညာညာရယ်လို မငြင်းလေနှင့် (မလေးရယ်) ရောင်းကာသာ ဆပ်လိုက်ပေတော့ ရွာရှေ့ယာတစ်ခင်း။